“Myanmar National Cloud & AI Contest 2019” Register Now !

Myanmar National Cloud & AI Contest 2019 ပြိုင်ပွဲအစီအစဉ်အတွက် စတင်စာရင်းသွင်းကြရအောင်!

ဒီနေ့မှာတော့ Huawei Cloud ပလက်ဖောင်းကို အသုံးပြုပြီး အက်ပလီကင်းရှင်းတစ်ခုကို ပြုလုပ်ရာမှာ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေအပြင် ဉာဏ်ရည်တု (AI) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် လက်တွေ့သင်ကြားပြသခြင်း အစီအစဉ်တစ်ခုကို Huawei Myanmar ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ၊ ပါမောက္ခချုပ်များကော်မတီနဲ့ Huawei Myanmar တို့ပူးပေါင်းကာကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ် ၃၈ ကျောင်းမှ ဆရာ/ဆရာမ ၃၈ ယောက်တို့က တက်ရောက်လေ့လာခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ပြိုင်ပွဲမှာ ပါဝင်လာမယ့် ကျောင်းသား/ ကျောင်းသူတွေကို Cloud နဲ့ AI နည်းပညာရဲ့ အသုံးဝင်ပုံနဲ့ ၎င်းတို့ကို အသုံးပြုပြီး ထုတ်ကုန်ပစ္စည်းတစ်ခုကို ဘယ်လို တီထွင်ဖန်းတီးနိုင်မလဲဆိုတဲ့ ဗဟုသုတတွေကို ဆရာ/ဆရာမများမှတစ်ဆင့် ပြန်လည်ပြသလမ်းညွန်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

Myanmar National Cloud & AI Contest 2019 ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်လိုသော ကျောင်းသား/ကျောင်းသားများအနေဖြင့် အောက်ပါ လင့်ခ်တွင် စတင်စာရင်းသွင်းနိုင်ကြောင်းကိုလည်း သတင်းကောင်းလေးပါးလိုက်ပါရစေ။
စာရင်းသွင်းရန်- https://activity-intl.huaweicloud.com/mmai_contest.html